လုံခြုံမှုရှိသော
ငွေကြေးအဖြစ်သတ်မှတ်ခံထားရသော ဂျပန်ယန်းငွေကြေးသည် မြင့်တက်လာခဲ့ကာ ယနေ့တနင်္လာနေ့တွင် ထရမ့်မှ တရုတ်အား ကုန်သွယ်ခွန်များတိုးမြှင့်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် တရုတ်ယွမ်ဈေးသည်ကျဆင်းခဲ့ကာ တရုတ်စတော့ဈေးကွက်မှာလည်း မြှုပ်နှံသူများအတွက် risk များသည့်အခြေအနေသို့ရောက်ရှိလာခဲ့သည်။
ထရမ့်က တနင်္ဂနွေနေ့တွင် ယခုအပတ်တွင်း ဒေါ်လာ ၂ဝဝ ဘီလီယံတန်သည့် US အပေါ်တင်သွင်းသည့် တရုတ်ကုန်စည်များအပေါ် မြင့်မားစွာအခွန်စည်းကြပ်မည်ဖြစ်ကာ မကြာမီတွင် ယခုထပ်ပိုမိုကာ ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာကောက်ခံမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။
Twitter မှ ထိုသို့ကြော်ငြာပြီးနောက် ထိုအရာသည် တရုတ်သမ္မတ ရှိကျင့်ဖျင် နှင့် ထရမ့်တို့ကြား ကုန်သွယ်ရေးဆွေးနွေးမှုကိစ္စဆက်နွယ်မှုများအတွက် အခြေအနေပြောင်းလဲသွားစေနိုင်သည့် အနေအထားတွင် ရောက်ရှိနေခဲ့သည်။
Wall Street Journal ၏ ခန့်မှန်းချက်အရ တရုတ်သည် အမေရိက တာဝန်ရှိသူများနှင့် လာမည့်ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးမည့်အစီအစဉ်ကို ရုတ်သိမ်းဖွယ်ရှိနေကြောင်းလည်းသိရသည်။
မြှုပ်နှံသူများသည် ယန်းငွေကြေးကို ဝယ်ယူရန် အားသန်နေကြသည်။
ယူရိုငွေကြေးသည် ယခုနှစ် ဇန်နဝါရီနောက်ပိုင်း အနိမ့်ဆုံးဈေးသို့ရောက်ရှိလာခဲ့သည်။
ဒေါ်လာသည် တရုတ်ယွမ်ဈေးကိုယှဉ်ပါက ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ 6.8038 သို့ရောက်ရှိခဲ့သည်။
သြစတေးလျဒေါ်လာသည် တရုတ်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ဖြစ်ပေါ်သော နိုင်ငံစီးပွားရေးဖောင်းပွမှုများကြောင့် 0.6 ရာခိုင်နှုန်းကျဆင်းခဲ့ပြီး 0.6972$ အထိကျဆင်းခဲ့ရာမှ ယခုတွင် 0.6960 $ သို့ ကျဆင်းခဲ့ရသည်။
ကုန်သွယ်ခွန်များတိုးမြင့်ခြင်းသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ခြိမ်းခြောက်လိုက်သည့်အခြေအနေဖြစ်ကြောင်း NAB မှ အကြီးတန်းငွေကြေးဈေးကွက်ပညာရှင်ဖြစ်သူ Rodrigo Catril မှပြောကြားခဲ့သည်။
ယနေ့အာရှဈေးကွက်များ ဖွင့်ခါနီးအချိန်တွင် AUD နှင့် NZD တို့သည် ဈေးအကျဘက်တွင်ဦးတည်နေပြီး တရုတ်ဘက်မှ ကုန်သွယ်ခွန်များနှင့်ပတ်သတ်ပြီး ဆွေးနွေးရန် စီစဉ်နေစဉ်တွင် ကုန်သွယ်ခွန်များတိုးမြှင့်ခြင်းသည် ဈေးကွက်တွင်းတွင် သတိထားဖွယ်ရာဖြစ်နေခဲ့သည်။
Comments
Post a Comment